ကိုလှဆွေ ဟာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် လုံးဝ မဖြစ်ထိုက်ပါ။

Monday, January 28, 2013

လွှတ်တော်ကိုယ်စားလှယ်ဆိုတဲ့နေရာနဲ့လုံးဝ(လုံးဝ)မထိုက်တန်တဲ့ ကိုလှဆွေ ၊ အစိုးရ နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပြုလုပ်ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို နှောင့်ယှက်ဖျက်ဆီးနေသူ ကိုလှဆွေ နှင့်တစု သိစေရန် ထောက်ပြခြင်း - ကေအန်ယူ ဟာ မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ရတဲ့ ၁၉၄၈ ခုနှစ်ကနေ စတင်ပြီးတော့ အစိုးရ ကို လက်နက်စွဲကိုင် ပုန်ကန် တိုက်ခိုက်ခဲ့တဲ့ ကရင် အမျိုးသား ဦးဆောင်တဲ့ အဖွဲ့တခုဖြစ်...တဲ့ ကေအန်ဒီအို ကို ဆက်ခံခဲ့တဲ့ အဖွဲ့ဖြစ်တာကြောင့် သက်တမ်းအရင့်ဆုံးတိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ကြီးဆိုတာ ဘယ်အစိုးရမှ မငြင်းနိုင်သလို ၊ ဘယ်ပါတီ အဖွဲ့အစည်း မှလည်း ငြင်းလို့မရပါဘူး ။ မြန်မာမှာသာမက ကမ္ဘာမှာတောင် သက်တမ်းအရင့်ဆုံးတော်လှန်ရေးအဖွဲ့တွေထဲက တဖွဲ့လို့ ပြောလို့ရတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော် အတွင်း လက်ရှိ အစိုးရ မတိုင်ခင် အရင် စစ်အစိုးရ လက်ထက်မှာ အစိုးရနဲ့အပစ်အခတ်ရပ်စဲခြင်း မရှိခဲ့တဲ့ တခုတည်းသော အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ဖြစ်တယ်ဆိုတာလည်း ယုံမှားသံသယ ဖြစ်စရာ မလိုတော့ပါဘူး ။ မကြာခင်က ကေအန်ယူ ညီလာခံက ရွေးချယ်တင်မြှောက်လိုက်တဲ့ ဥက္ကဌ အသစ် အပါအဝင် ဗဟိုအလုပ်အမှုဆောင်များ နဲ့ မြန်မာအစိုးရ ထိပ်တန်း ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြတယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီလို တွေ့ဆုံခဲ့ကြတယ် ၊ ငြိမ်းချမ်းရေး အတွက် ဆွေးနွေးကြတယ် ။ ဆွေးနွေးတိုင်း ၊ တွေ့ဆုံ တိုင်း နှစ်ဦး နှစ်ဘက် သေနတ်ထမ်းပြီး ပြောခဲ့ကြတာ ကြီးပဲ ဖြစ်ပေသော်ငြားလည်း အခု တွေ့ဆုံခဲ့ကြတာ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြတာကို ကြည့်ခြင်းအားဖြင့် မီး ကို ရေ နဲ့သာ ငြိမ်းဖို့ ကြိုးစားနေကြတာ ဖြစ်သလို ၊ နိုင်ငံရေး အာဏာဟာ သေနတ်ပြောင်းဝက ထွက်တယ် လို့ ဆိုခဲ့တဲ့ တရုပ်ကွန်မြူနှစ် ဥက္ကဌကြီး မော် ရဲ့ အတွေးအခေါ်ကို နိုင်ငံအစိုးရ အဖွဲ့ခေါင်းဆောင်များနဲ့တိုင်းရင်းသား ခေါင်းဆောင်များအားလုံး လမ်းညွှန်မှုအဖြစ် ခံယူထားခြင်း ရှိတယ် မရှိဘူးဆိုတာ မသေချာပေမဲ့ လက်တွေ့ မှာတော့ နှစ်ဘက်စလုံးက ငြိမ်းချမ်းရေး ကို သေနတ်တွေနဲ့တည်ဆောက်ဖို့ ကြိုးပမ်းလာကြတာ ရာစုနှစ်တဝက်ကျော် ကြာခဲ့ပြီ ဖြစ်သော်လည်း မီးကို မီးနဲ့ မငြိမ်းပဲ လက်တွေ့ အကောင်အထည်ဖေါ်ဆောင်နေကြတဲ့ နှစ်ဘက် ခေါင်းဆောင်တွေကတော့ မီး ကို ရေ နဲ့ ငြိမ်းသတ်ကြတော့မယ်ဆိုတာ ပေါ်လွင်ထင်ရှားနေပါတယ် ။ သမိုင်း တလျှောက်မှာ ငြိမ်းချမ်းရေး ကြိုးပမ်းခဲ့ကြပါတယ် ။ ဒါပေမဲ့ မီးကို ရေနဲ့ ငြိမ်းဖို့ ကြိုးစားထားတာမျိုး တွေ မရှိခဲ့တာတော့ မဟုတ်ပါဘူး ၊ နိုင်ငံရေး အစိုးရလို့ ခေါ်ခဲ့ကြဘူးတဲ့ ဖဆပလ အစိုးရ လက်ထက်မှာ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေ ၊ ဗမာပြည်ကွန်မြူနစ်ပါတီ တို့ဟာ ငြိမ်းချမ်းရေး အတွက် တန်းတူ ရည်တူ ဆွေးနွေးကြဖို့ နှစ်ဖက်စလုံး က ကြိုးစားတာတွေ ရှိခဲ့တယ်ဆိုတာ အားလုံးအသိပါပဲ ၊ စာရေးသူ ကိုယ်တိုင်တော့ မမှီခဲ့ဘူး ရှေးမှီ နောက်မှီ ကြိးတွေရဲ့ ပြောကြားချက်အရ အဲဒိ ခောတ် စစ်ခေါင်းဆောင် တချို့ (အာဏာရ ဆိုရှယ်လစ်ပါတီ ရဲ့ အဆက်အနွယ်တွေ) က သူတို့နဲ့ အပြန်အလှန်တိုက်ခဲ့၊ အသေအကျေ ချခဲ့ကြတဲ့ သူပုန်တွေ မြို့ပေါ်ရောက်လာမှာကို လုံးဝ မနှစ်မြို့ကြဘူးလို့ သိရတယ်ဗျ(၁၉၅၈-၁၉၆၂ မြန်မာ့နိုင်ငံရေးလေးစောင်တွဲ) အဲလို မနှစ်မြို့ကြလို့လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ မအောင်မြင်ခဲ့တာကို သာဓက တခု အနေနဲ့ ဖတ်ခဲ့သိခဲ့ပြီး မပြေးသော်ကန်ရာရှိ ဆိုစကား တခုလို ၁၉၅၈ ခုနှစ် ဖဆပလ ကြီး နှစ်ခြမ်းကွဲ အပြီး သန့်ရှင်း ဖဆပလ အစိုးရ ၃ လ နဲ့ ၁၇ ရက် သက်တမ်းအတွင်း ဗကပ နဲ့ သန့်ရှင်း ဖဆပလ အစိုးရ တွေ့ဆုံ ဆွေးနွေးပွဲဖြစ်ဖို့ ရက်ပိုင်း အလိုမှာ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် အဲဒိ ဖြစ်နိုင်ခြေ ရေစုန်မျောသွားခဲ့ရတာ ကိုလည်း ကြားဘူးတယ်ဗျ။ ၁၉၆၂ ခု မတ်လ ၂ ရက်နေ့မှာ ဗိုလ် နေဝင်း က ဖက်ဒရယ်မူ ကို အကြောင်းပြပြီး အပြီး အပြတ် အာဏာသိမ်းခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ် ။ တကယ်က ၁၉၅၈ ခုနှစ်မှာ သိမ်းဖို့ ဗိုလ်မောင်မောင် ၊ ဗိုလ်အောင်ကြီး ၊ ဗိုလ်တင်ဖေ တို့ ဝန်ကြီးချုပ် ဦးနု အိမ်မှာ သွားပြောကြသေးတယ်၊ အမြှော်အမြင်ကြီးတဲ့ ဦးနုက ပါလီမန် ဒီမိုကရေစီ အသက်ဆက်နိုင်ဖို့ အတွက်ဆိုပြီး အာဏာလွှဲပေးလိုက်ရတာကို လူသိနည်းခဲ့တယ်လို့ ထင်တယ်ဗျ ….အာဏာလွှဲပေးတဲ့ ဦး နု ပြောခဲ့တာကတော့ စကားလေး တကြောင်းထဲပါ ( ၁၉၅၈ ခုနှစ်လောက် မှာ စစ်တပ်က အာဏာသိမ်းတဲ့အတွက် ဗိုလ်ချုပ် နေဝင်းကို ဝန်ကြီးချုပ်ရာထူး လွှဲပေးလိုက်ရတယ်တဲ့) ဒါပေမဲ့ တိုင်းပြည်၊တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ပြည်သူလူထုကြီးခံခဲ့ရတာကတော့ အားလုံးသိကြတဲ့ အတိုင်းပါပဲ ဟုတ် ….. နောက်ပိုင်း မှာ ပြည်တွင်း စစ်ဟာ တနေ့တခြား ကြီးထွားလာပြီး စစ်တပ်ရဲ့ အခန်းကဏ္ဍဟာလည်း ပိုမိုကြီးမားလာခဲ့တယ် နောက်ဆုံး နိုင်ငံရေး ခေါင်းဆောင်တွေ၊ ပါတီတွေ အပေါ်ကို စစ်တပ်က အကြွင်းမဲ့ လွမ်းမိုးသွားခဲ့တယ်။ ခုချိန်ထိလည်း ရှိတုန်းပဲဆိုတာ ယုံမှားသံသယ ရှိစရာတော့မဟုတ်လောက်ဘူးထင်တယ်နော် ။ ….. စစ်ခေါင်းဆောင်တွေရဲ့ သဘောထားဟာ ငြိမ်ချမ်းရေး၊တိုင်းရင်းသားရေးတွေကို သော့ချက်တခုအနေနဲ့ ထားရှိဖို့ ဆန္ဒပြင်းပြဖို့လိုတယ်လို့ စာရေးသူ အနေနဲ့မြင်လို့ ဒီ စာတမ်းလေးကို ရေးရတာဖြစ်ပါတယ် ။ ဘာကြောင့်ဆိုတော့ မကွေးတိုင်း ဂန့်ဂေါ်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် လှဆွေ ရဲ့ ရွှေလက်နဲ့ခေါ်တုန်းလာ ဘာညာ ဆိုတာနဲ့ပတ်သတ်ပြီးသူပြောထားတဲ့ စကားလုံးအသုံးအနှုန်းတွေဟာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဆိုတဲ့ နေရာနဲ့ဘယ်လိုမှ မထိုက်တန်ဘူး ဆိုတာကို သိလိုက်ရလို့ ခုလို စာတမ်းတင်ရတာပါ ။ သူဟာ တချိန်တုန်းက စစ်အာဏာရှင်တွေရဲ့ အလိုတော်ကျ ဘယ်လောက် လိုက်လုပ်ပေးခဲ့ရလဲဆိုတာ ပေါ်လွင်ထင်ရှားသလို ရွှေလက်နဲ့ဆက်မခေါ်တော့ပဲနဲ့ကျည်ဆန်နဲ့ပဲ ဆက်ခေါ်မယ်ဆိုရင် တိုင်းရင်းသားပြည်သူတွေ ဘယ်လောက်နစ်နာမလဲ ၊ သမ္မတကြီး ဦးသိန်းစိန် ပြောခဲ့တဲ့စကားတွေကို ဆန့်ကျင်ပြီး ဘာကြောင့် ပြောရဲတာလည်း ဆိုတာ စဉ်းစားစရာ ဖြစ်လာပါပြီ ၊ ဒီနေရာမှာ သမ္မတကြီး ဦးသိန်းစိန်အနေနဲ့ ပြတ်သားဖို့လိုလာပြီလို့လည်း မြင်လာပါတယ် ။ သမ္မတကြီး ပြောခဲ့တဲ့ စကားတချို့မှာ စစ်တပ်က ကျည်တတောင့်ကော အေအိုင်အေ က ကျည်တတောင့်ကော မြန်မာပြည်ရဲ့ ငွေတွေ ဆုံးရှုံးတာပါပဲ ဆိုတာ ပြောခဲ့တယ်ဗျာ ။ ဒါ ငြိမ်းချမ်းရေးကို တကယ်ကို လိုလားတယ်ဆိုတာ ပြတာဖြစ်သလို ခု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဆိုတာနဲ့ လုံးလုံး မထိုက်တန်တဲ့ လှဆွေ ရဲ့ အပြောအဆိုကတော့ သူဟာ လူသတ်ဖို့ကိုသာ စိတ်ဆန္ဒ ရှိနေတဲ့ လူ့အန္ဒကြီး တယောက်ဖြစ်တယ်ဆိုတာ သိသာ ထင်ရှားပါတယ် ။ ဒီလိုပါပဲ အတိုက်အခံ အဖွဲ့အစည်းဆိုရင် ငါ့ရန်သူ ဆိုတဲ့ စိတ်ဆန္ဒ တခုထဲကို ရင်ထဲ ထည့်ထားပြီး ကိုယ့်အဖေ အရွယ် ၊ အစိုးရ တာဝန်ရှိသူတွေနဲ့အတိုက်အခံ အင်အားစုတွေရဲ့ လေးစားကြည်ငြိုခြင်းကို ခံနေရတဲ့သူ ၊ နိုင်ငံရေး အမျှော်အမြင် ကြီးမားသူ၊ တဦး ဖြစ်တဲ့ အဘ ဦးခွန်ဥက္ကာလို လူမျိုးကိုလည်း ဦးမတပ်၊အဘ မတပ်၊ အကိုမတပ်ပဲ ကျင့်သုံးတဲ့ ကိုလှဆွေရဲ့ စိတ်ဆန္ဒဟာ ဘာဆိုတာ သိသာပါတယ် ၊ ထပ်ပြောပြပါအုန်းမယ် ၊ အရင် စစ်အစိုးရရဲ့ ကျင့်စဉ်အတိုင်းပဲ ဆိုတာ ပိုသေချာနေပါတယ်။ ခောတ်နောက်ပြန်ဆွဲမဲ့ ဖရဲသီးပုတ်ဆိုတာ ပိုထင်ရှားနေပါတယ် ။ သာဓက လေး တခု ရှိပါတယ် ၊ ၁၀ ခု မက ရင်လည်း မကပါဘူး ။ (၁၉၉၄ ခုနှစ်မှာ လွယ်မော်သောင်းကျန်းသူ ခေါင်းဆောင် ဘိန်းဘုရင် ခွန်ဆာ ဆိုပြီး သုံးနှုန်းခဲ့တယ်ဆိုတာ အဲဒိခောတ် အစိုးရ သတင်းစာတွေ က သက်သေပါ ၊ ဟော အလင်းဝင်သွားတော့ ဦးခွန်ဆာတဲ့ ဘုရားဒကာ ကျောင်းတကာ တပ်တဲ့သူက တပ်ပါသေးတယ် ။ )ဒါကြာင့် သမ္မတကြီး ပြောခဲ့သလို ခုလို ခောတ်နောက်ပြန်ဆွဲနေတဲ့သူ ဦးလှဆွေ ကို သမ္မတကြီး ဦးဆောင်ပြီး ဘယ်လို ချန်ထားခဲ့မလဲ ဆိုတာကို စောင့်ကြည့်ရအုန်းမှာ ဖြစ်ပါတယ် ။ နှစ်ပေါင်း ၆၀ အတွင်း မှာ အသေအကျေတိုက်ခိုက်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီး တခုဖြစ်တဲ့ ကေအန်ယူ ဥက္ကဌအပါအဝင် ခေါင်းဆောင်တွေနဲ့ သမ္မတကြီးတွေ့ဆုံဆွေးနွေးခဲ့တာ ၊ ပထမ ဦးဆုံးအကြိမ် သမိုင်းမှာ မြန်မာ့တပ်မတော်ခေါင်းဆောင် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဖက်လှဲတကင်း နုတ်ဆက်တွေ့ဆုံခဲ့တာတွေဟာ တကယ်ကို ငြိမ်းချမ်းရေးကို စိတ်အားထက်သန်နေတာ လို့ မြင်ခဲ့ရပါတယ် ။ ကေအန်ယူ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တဦး ဖြစ်တဲ့ ဖဒို မန်းငြိမ်းမောင် က မီဒီယာ များကို ဖြေကြားရာမှာ ( ကျနော်တို့ နှစ်ပေါင်း ၆၀ ကျော် မှာ အုပ်စိုးသူ အာဏာပိုင် အဆက်ဆက် နဲ့ အပစ်အခတ် ရပ်စဲရေးတွေ ၅ ကြိမ်ထက်မနည်း လုပ်ခဲ့တယ်၊ ဒါပေမဲ့ တဦးပေါ်တဦး အပြန်အလှန်ယုံကြည်လေးစားမှု တန်းတူရည်တူ တန်ဖိုးထားမှုတွေကို ကျနော်တို့ တခါမှ မရခဲ့ဘူး၊ အခု နိုင်ငံတော် သမ္မတကြီး ဦးဆောင်တဲ့ အစိုးရ အဖွဲပတက်လာပြီးတဲ့နောက်မှာ ကျနော်တို့ ကရင်အမျိုးသားတွေ အနေနဲ့ တလျှောက်လုံး မျှော်လင့်ခဲ့တဲ့ တန်းတူရည်တူ ဆက်ဆံမှု ၊ အပြန်အလှန်အသိအမှတ်ပြုမှု ၊ အပြန်အလှန်လေးစားမှု ဆိုတာတွေ ကျနော်တို့ အကုန်လုံးရရှိခဲ့တယ် ။ ကြိုတင် စည်းကမ်းသတ်မှတ်ချက်တွေ လုံးဝ မရှိခဲ့ဘူးဆိုတော့ ကျနော်တို့ တဦးနဲ့တဦး ပွင့်လင်း၊ရင်းနှီး၊ယုံကြည်မှုတွေနဲ့ တွေ့ဆုံ ဆွေးနွေးနိုင်ခဲ့တဲ့အတွက် ကျနော်တို့ ငြိမ်းချမ်းရေး ခရီးစဉ်ကတော့ အများကြီး ရှေ့ဆက်သွားလို့ရပြီလို့ ယုံကြည်တယ်လို့ပြောခဲ့တယ်ဗျာ ) အဲဒိလိုပါပဲ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း အခုလို တွေ့ဆုံပွဲမှာပဲ ငြိမ်းချမ်းရေးဖော်ဆောင်ရေးတွေကို သူ့အနေနဲ့ စိတ်ဝင်စားတယ်တဲ့ ။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေး ခိုင်ခိုင်မာမာ ဖြစ်စေချင်တယ်တဲ့၊ လူတဦးမှာ ရိုးသားမှု ကတိတည်မှုတွေ အရေးကြီးတယ်တဲ့၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အေးချမ်းမှ ထာဝရ ငြိမ်းချမ်းရေး ရရှိမှာဖြစ်သလို ထာဝရငြိမ်းချမ်းရေးနဲ့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အေးချမ်းစေချင်သော စိတ်ထားအမြဲရှိကြောင်း တွေကို တပ်မတော်ရဲ့ အကြီးအကဲ တယောက်က စိတ်ဆန္ဒ ရှိနေသလောက် အဖျက်အမှောင့် လုပ်ဖို့လောက်သာ စိတ်ဝင်စားပြီး ခောတ်နောက်ပြန်စွဲချင်နေတဲ့ စစ်အာဏာရှင် လက်ကျန် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဆိုတာနဲ့ မထိုက်တန်တဲ့ ကိုလှဆွေ ရဲ့ စကားများကို ဒီစာတမ်းလေးနဲ့အတူ ပြင်းထန်စွာ ပြစ်တင်ရှုံ့ချရင်းနဲ့ ကိုလှဆွေ အတွက် ပုံပြင် လေးတပုဒ် ပြောပြရင်း နိဂုံးချုပ်လိုက်ပါရစေနော် ။


ကား တစီး ပေါ်မှာ ဖရဲသီးတွေ အများကြီးတင်လာတယ်တဲ့ ၊ ကား စပါယ်ယာက ဒရိုင်ဘာ ကို ပြောတယ် ဆရာရေ ဖရဲသီးတွေ ကျကုန်ပြီ ဖြည်းဖြည်း မောင်းတဲ့ ၊ တပည့်ရေ ကျရင် ကျပါစေတဲ့ အဲဒါ အပုတ်တွေ တဲ့ လေ။ ကိုလှဆွေ ရေ ကိုလှဆွေက ဖရဲသီး အပုတ်ပါပဲ ဒါပေမဲ့ အောက်မကျပဲ ကား ဘော်ဒီနဲ့ညှပ်နေတယ်ဗျ ။ ဒါပေမဲ့ မကြာပါဘူး အောက်မပြုတ်ကျတောင်မှ ဘော်ဒီနဲ့ တခြား ကောင်းတဲ့ ဖရဲသီးတွေနဲ့ ခင်ဗျား မကြာဘူး အရည် တွေ ရွှဲပြီး အညှစ်ခံရမှာမို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် အဖျက်သမားများ အလိုမရှိ ……….. စာရေးသူ ----- ကျော်ကျော်(မြေသြဇာ)

0 comments:

About This Blog

Lorem Ipsum

  © Blogger templates Design by pyae sone 2008

Back to TOP