စက်တင်ဘာ တမ်းခြင်း .....
Wednesday, September 5, 2012
မြန်မာပြည်တွင်းဖြစ်ပေါ်ခဲ့သော စက်တင်ဘာလလှုပ်ရှားမှုတွင်ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ခဲ့သောပြည်တွင်း မြန်မာ့အရေးလှုပ်ရှားသူများအဖွဲ့(လူငယ်)အကောင်းဆုံးမြေသြဇာအဖွဲ့မှ တာဝန်ခံ ကိုကျော်ကျော်၏ စက်တင်ဘာလှုပ်ရှားမှု နှင့်ရင်တွင်း ခံစားချက် ……
ကျနော်တို့မြန်မာနှိင်ငံမှာ မွေးဖွားကြီးပြင်းခဲ့တဲ့တလျောက်မှာ ဒီနအဖရဲ့ ဖိနှိပ်မှုအောက်မှာတသက်လုံးဒီအတိုင်းကြီး အကြောက်တရားလွမ်းမိုးပြီးနေသွားလို့ မရတော့ဘူးလို့သိလိုက်ရတဲ့အချိန်မှာအရင်ဆုံးလုပ်ဖြစ်တာက ဒီအကျင့်ပျက် အစိုးရကို ပယ်ချဖို.အတွက် လူထုအပေါ် ထာဝရနွေးထွေးမှုပေးနိုင်မယ်လို့ယုံကြည်တဲ့ လူထုခေါင်းဆောင်ဆိုတာကို
အရင်လေ့လာဖြစ်ခဲ့တယ်။ တဆက်တည်းမှာပဲတွေသင့်သူကိုတွေ။လိုအပ်တဲ့ပညာယူသင့်တာ ယူဆွေးနွေးသင့်တာ တွေဆွေးနွေးပြီးတော့ ဆုံးဖြတ်ချက်တခုကို အခိုင်အမာချလိုက်တယ်။ လူထုတရပ်လုံးနှင့်နောင်မျိုးဆက် အားလုံးအတွက်ရှေ့မှ မားမားမတ်မတ်ရပ်တည်ပေးမဲ့-အစတေးခံလူငယ်များနဲ့ သမိုင်းဝင်သာဓုကန်စေတီ (ရွှေပြည်သာမြို့သစ်)မှာ အကောင်းဆုံးမြေသြဇာ ဆိုတဲ့အဖွဲ့ဖွဲ့စည်းပြီး အောက်ပါအလုပ်တွေဆက်လုပ်ခဲ့ပါတယ်။။
(၉-၁-၂၀၀၅)ရန်ကုန်တိုင်းအတွင်းရှိ ကျောင်းများမှလူငယ်များအားစည်းရုံးခြင်း။ ကျောဘက်တွင် (?) တံဆိပ်နှင့်ရှေ့ တွင်စည်းရုံးလှုံ့ဆော်စာများရေးသားထားသော(T-shirt)များအခမဲ့ဖြန်.ဖြူးဝတ်စေခြင်း။ဘောပင်-သော့ချိတ်)များပြုလုပ် ဝေခြင်း။ နအဖ ဆန့်ကျင်စာများအား ကျောင်းဝင်းအတွင်းကပ်ခြင်း။မြို.နယ်များရှိရပ်ကွက်များအတွင်း ဖြန့်ဝေကျဲချခြင်း။
အဖွဲ.လူငယ်များနှင့်တွေ.ဆုံဆွေးနွေးဖလှယ်ခြင်းများစဉ်ဆက်မပျက်ပြုလုပ်ခဲ့ပါတယ်။။ဒီလိုဖြတ်သန်းလာရင်းနဲ.စက်တင်ဘာသံဃာတော်များဦးဆောင်တဲ့လှုပ်ရှားမှုကြီးမှာဆရာတော်များရဲ.လုံခြုံရေးနှင့်ပြည်သူလူထုတရပ်လုံးနှင့်ကျောင်းသား လူငယ်ထုတရပ်လုံးပါဝင်လှုတ်ရှားဆောင်ရွက်နိုင်စေဖို့အတွက်ပြည်တွင်းမြန်မာ့အရေးလှုပ်ရှားမှုအဖွဲ.များနည်းတူတ
ဖက်တလမ်းကပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ဒီလိုဆောင်ရွက်ခဲ့တဲ့အတွက် (နအဖ) မှလိုက်လံ စုံစမ်းဖမ်းဆီး ဖို့ကြိုးစား ခဲ့ပါတယ်။ ဒီအချိန်မှာသူတို့ဖမ်းဆီးတာကိုမခံပဲ လွတ်မြောက်နယ်မြေကို ထွက်လာခဲ့ခြင်းအားဖြင့် ဆက်လက် တော်လှန်သွားမှာဖြစ်ပြီး ပြည်တွင်းကျန်ရှိတဲ့ ဗကသ၊ (၈၈) နှင့်ကျန်အဖွဲ့အစည်းများ။ပြည်တွင်းရှိလူထုတရပ် လုံးအတွက် တက်နိုင်တဲ့ဘက်က ဆက်လက်လှုပ်ရှားဆောင်ရွက်သွားမယ်ဆိုတာ အသိပေးလိုက်ပါတယ်။။
စက်တင်ဘာလှုပ်ရှားမှု တစိတ်တဒေသ … … …
(၂၄-၉-၂၀၀၇) - ရွှေတိဂုံအရှေ.ဘက်မုဒ်မှစတင် ထွက်ပြီးဗားကရာလမ်းအတိုင်း။ တဆင့် လှည်းတန်းလမ်းဆုံ မှတဆင့် ရှစ်မိုင်လမ်းဆုံ။ တဆင့်ကျိုက်ဝိုင်း-ဘုရားလမ်း။ တဆင့်ကမ္ဘာအေးဘုရားရင်ပြင်တွင် သံဃာတပ်ပေါင်းစု ဆရာတော်များမှအထွေထွေ တရားများဟောကြားပြီးလမ်းခွဲ …..။
(၂၅-၉-၂၀၀၇) - ကြေးသွန်းဘုရားရှေ့တွင်သပိတ် စခန်းဖွင့်ပြီးယောက်လမ်းအတိုင်းချီတက်။ဆူးလေဘုရားရှေ့ တွင်သံဃာတော်များ၊ ကျောင်းသားများ ၊ အနုပညာရှင်များ မှ တရားဟောပြီး သိမ်ဖြူလမ်းအတိုင်း။ တဆင့်ပုဇွန် တောင်။ကျောက်မြောင်းတို.မှဖြတ်ပြီးဗိုလ်ချုပ်ပန်းခြံလမ်း။ တဆင့်ကြေးသွန်းဘုရားရှေ့တွင် သံဃာတပ်ပေါင်းစု ဆရာတော်များမှအထွေထွေတရားများဟောကြားပြီးလမ်းခွဲ………။
(၂၆-၉-၂၀၀၇) - နေ.လည်(၁၁း၃၀)နာရီခန်.တွင်ကြေးသွန်းဘုရားရှေ.တွင်စုဝေးရောက်ရှိနေသောသံဃာတော်များ၊ ကျောင်းသားများ နှင့်ပြည်သူလူထုအတွင်းသို့စစ်ကားများ။ လုံထိန်းကားများ။ နအဖလက်ကိုင်ဒုတ်(ရပ်ကွက်အတွင်းရှိ
ခိုး၊ ဆိုး၊ နှိုက်)များဦးဆောင်ပြီး အကြမ်းဖက်ရိုက်နှက်၊ ဖမ်းဆီး၊ နှိပ်စက်၊ ပစ်ခတ်မှုများလူမဆန်စွာပြုလုပ်လာသဖြင့် ကြေးသွန်းဘုရားအနောက်ဖက်ရှိညောင်တုန်းကျောင်းတိုက်အတွင်း တွင် ဆရာတော်များစုစည်းပြီးအင်အား(၇၀၀၀)
ခန့်ဖြင့် ရွှေဂုံတိုင်လမ်းအတိုင်းထွက်ခွါလာရာ (NLD) ရုံးတွင်းမှသံဃာတော်များနှင့်အတူ အဖွဲ့ဝင်များပူးပေါင်းပါဝင်ချီ တက်ဆန္ဒပြကြရာလမ်းတလျှောက်တွင်နအဖအာဏာမပိုင်များက မိမိတို.ကဲ့သို့.အကြမ်းဖက်ခံရပြီး ကွဲထွက်သွားသော
တပ်ပေါင်းစုများနှင့်မစုမိစေရန် လိုက်လံပြီးချီတက်ရာလမ်းကြောင်းပိတ်ခြင်းများဖြင့် လိုက်လံနှောက်ယှက်ခြင်း များပြုလုပ်နေသော်လည်းဘုရင့်နောင်လမ်း(ကန္နားလမ်း)ရှိ သခင်မြပန်းခြံရှေထိ ချီတက်ဆန္ဒပြခဲ့ကြရာဆူးလေဘက် တက်မည့် ဘက်မှပိတ်ဆို.ထားခြင်းခံရပါတယ်။ ဒါကြောင့်ချီတက်ရာလမ်းကြောင်းပြောင်းကာ ဘုရင့်နောင်ဘက်သို့ ထပ်မံချီတက်ခဲ့ပါတယ်။အလုံမြို့နယ်ဆင်မင်းဈေးနား အရောက်တွင်ရှေ့နောက်နှစ်ဘက်ညှပ်ပြီးထပ်မံပိတ်ဆို့ခံရပါတယ်။ (၂)မိနစ်အတွင်းလူစုခွဲခိုင်းပြီးပစ်ခတ်။ရိုက်နှက်ခံရပါတယ်။နာရီဝက်ခန်.အကြာတွင်ဆင်မင်ဈေးဘက်မှာ နအဖအရာရှိမှ
သံဃာတော်များငြိမ်သက်တိတ်ဆိတ်စွာဖြင့်နှစ်ပါးစီသွားခွင့်ပြုပြီးသံဃာတော်များနှင့်လူထုကိုဖြိုခွဲခဲ့ပါတယ်။
(၂၇-၉-၂၀၀၇)-ကျိုက်ကဇံကွင်းအနီး အထက(၃)ကျောင်းအရှေ့တွင်ဆန္ဒပြကျောင်းသား၊ သံဃာ၊ လူထုအား ဖမ်းဆီး ပိတ်ဆို့ ထားသောစစ်တပ်လုံထိန်းနှင့် စွမ်းအားရှင်များအားပြန်လည်ပိတ်ဆို့ပြီးပြန်လွတ်ပေးရန်တောင်းဆိုခြင်း။ တိုင်ကီ များချပြီးတောချောက်မောင်းထုတ်သလိုထုခြင်းကမ္ဘာမကြေ သီဆိုခြင်းများပြုလုပ်နေချိန်တွင် ခွတ်ဒေါင်းအလံလွှင့်ထူပြီး
အင်အားဖြည့် လာရောက်ပူးပေါင်းသော ကျောင်းသားလူငယ်များ။ ကျောင်းကြိုရန် ရောက်ရှိနေသောကျောင်းသား မိဘများနှင့်လူထုအားတာမွေအဝိုင်းထိတ်မီးပွိုင့်ဘက်မှတရကြမ်းမောင်းဝင်တိုက်သတ်။ ပစ်ခတ် ၊ရိုက်နှက်၊ ဖမ်းဆီးခေါ် ဆောင်ကာလူစုခွဲဖြိုခွင်းခဲ့သော်လည်း-ကန္နားလမ်းတလျောက်ဆန္ဒပြနေသောကျောင်းသား တပ်ပေါင်းစုနှင့်ထပ်မံ အင်အား ဖြည့်ပါဝင်ဆောင်ရွက်ရာ ဆင်မလိုက်အဝေးပြေးဝင်းအနီးတွင်ထပ်မံပစ်ခတ်ဖြိုခွဲလူစုခွဲခြင်းခံရပြန်ပါသည်။
(၂၅)ရက်နေ့ထိ ချီတက်ရာလမ်းကြောင်းတွင် တစုံတရာနှောက်ယှက်မှုမရှိသော်လည်း (၂၆) ရက်နေ့ (၁၁း၃၀) ခန့်တွင် ကြေးသွန်းဘုရား ရှေ့တွင် သပိတ် စခန်းဖွင့်စောင့်နေကြသော သံဃာတော်များ။ကျောင်းသားများ။ လူထုများ ကြားထဲသို့ တရုပ်နိုင်ငံမှလာဘ်ထိုးထားသော (Faw)ကားကြီး(၆)စီးနှင့်စစ်သားများ၊ လုံထိန်းများ၊ဒိုင်နာလိုင်းကား(၃)စီးနှင့်နအဖ၏ လက်ကိုင်ဒုတ်(ကြံ့ဖွတ်-စွမ်းအားရှင်များ)မီးသတ်ကားအသေး(၂)စီးတို့ဟာ ယာယီသပိတ်စခန်းထဲသို့ တရကြမ်းမောင်း ဝင် ရိုက်နှက်လူစုခွဲခိုင်းခြင်း၊သံဃာတော်နှင့်လူထုတချို့အား ပိတ်ထား ခြင်းများပြုလုပ်နေမှု၊အပေါ်စည်းအပြင်ရှိလူထုများမှ၎င်းတို့အား ဖွင့်ခိုင်းခြင်းကြိမ်းမောင်းခြင်းမျိုးစုံဖြင့် ဖိအားပေးနေခြင်းအပေါ် စစ်အာဏာရှင်ငရဲမကြောက်သူများမှ တဆင့် တိုးပစ်ခတ်ခြင်း။မျက်ရည်ယိုဗုံးခွဲခြင်းဖြင့်ထပ်မံပြုလုပ်လာသဖြင့် သံဃာတပ်ပေါင်းစု၊ ကျောင်းသား၊လူထုသည် ဗဟန်း (၃)လမ်း၊ကြားတောရလမ်း၊ရွှေဂုံတိုင်လမ်း၊အသီးသီးအဖွဲ.ကွဲထွက်ပြီး(၁)နာရီတွင် စတင်လမ်းလျောက်ဆန္ဒပြမည် ဆိုသော်လည်း နအဖ မိစ္တာတွေ၏အကြမ်းဖက်မှုကြောင့်အသီးသီး ကွဲထွက်လာသည့်အင်အားဖြင့်ငြိမ်းချမ်းစွာ လမ်းလျောက် ဆန္ဒပြမေတ္တာပို့ထွက်ခဲ့ပါတယ်။ ဒီလိုထွက်ခဲ့တဲ့ ချီတက်ရာလမ်းတလျောက်မှာလည်း ငယ်ငယ်ကစိမ်ပြေး တမ်း ကစားသလိုပဲလိုက်လံနှောက်ယှက် ပိတ်ဆို့မှုများတောက်လျောက်လုပ်လာပါတယ်။ငြိမ်းချမ်းစွာမေတ္တာပို့ ဆန္ဒပြနေတဲ့တပ်ပေါင်းစုမှာ လက်နက်ဆိုလို့အပ်တိုတချောင်းတောင်မရှိသော်လဲ လိုက်လံနှောက်ယှက်နေတဲ့ဘုရား တည်၊ ကျောင်းဆောက်နေတဲ့ ဘုရားတကာတွေရဲ့လက်ကိုင်ဒုတ် တပည့်ကျော်တွေရဲ့လက်တွေထဲမှာတော့ အသေး ဆုံးနံပါတ်ဒုတ်နဲ့အကြီးဆုံး(40 နဲ.M-16)တွဲထားတဲ့လက်နက်တွေနဲ့လစ်ရင်လစ်သလိုချောင်တဲ့နေရာမှာအပျောက် ရိုက်ဖြိုခွင်းဖို့လိုက်လံနှောက်ယှက်ပိတ်ဆိုမှုတွေလုပ်သော်လဲ သံဃာတပ်ပေါင်းစုချီတက်ရာလမ်းတလျောက်မှာ လူထု ပါဝင်လာခြင်း။ဆရာတော်များကံဆောင်ခြင်းအပေါ် ဝမ်းသာမျက်ရည်ဆို့ခြင်း၊နအဖအကြမ်းဖက်ခြင်းအပေါ်မေတ္တာပျက် ဝမ်းနည်းမျက်ရည်ဆို့ခြင်းများဖြင့် အားပေးဆုတောင်းမှုများရှိခဲ့ခြင်းများဖြင့် ကံဆောင်သံဃာတော်များ။ ကျောင်း သားများ။ NLD လူငယ်များနှင့်လူထုအတွက် အားဖြစ်ပေါ်လျက် ဆက်လက်ချီတက်ဆန္ဒပြ မေတ္တာပို.ခဲ့ကြပါတယ်။။
((( စာကြွင်း - ချီတက်ရာ လမ်းတလျောက်တွင် သံဃာတော်များမှမေတ္တာပို့ခြင်း။ NLDလူငယ်များနှင့်ကျောင်းသား လူငယ်များမှသံဃာတော်များ၏လုံခြုံရေးအတွက် လက်ခြင်းချိတ်ပြီးဘေးဘယ်ညာ ကာရံပေးထားခြင်း။ ဘာသာပေါင်းစုံ ပါဝင်သောလူထုမှ သံဃာတော်များ လူထုအတွက် နအဖ ကို မေတ္တာပို့အမျှဝေခြင်းအပေါ်နအဖ မှအကြမ်းဖက်သည့် အတွက်သံဃာတော်များနှင့်ဆန္ဒပြပြည်သူလူထုကြီးတို့ ဘုရားခြေတော်ရင်းတွေမှာ သွေးမြေကျကုန်ပါပြီ။ သံဃာတော် များကိုလက်အုပ်ချီပူဇော်ပေးပါ။အားပေးပါ။ပူးပေါင်းပါဝင်ကြပါဟုလမ်းတလျောက် ကြွေးကြော်ကြပါတယ် )))
ဆက်လက်ဖော်ပြပါဦးမည်။
ကျော်ကျော်(တာဝန်ခံ)
အကောင်းဆုံးမြေသြဇာ
0 comments:
Post a Comment