ပြည်ခိုင်ဖြိုးပါတီဝင်ဆိုရင် လောင်းကစားခွင့်လိုင်စင်ရှိပါသလား .....

Sunday, August 12, 2012

လောင်းကစား မှု ကျုးလွန်သူ ( ၄ ) ဦးထဲမှ ( ၁ ) ဦးသာ ထောင်ကျခံခဲ့ရသည့် ဘတ်လိုက်သည့် ဥပဒေ မတရားသူကြီးရဲ့ ဆုံးဖြတ်မှုနှင့် လွတ်မြောက်နေဆဲ ထောင်လွှားနေဆဲ လူတစု ....
၂၃ ၊ ၄ ၊ ၂၀၁၂ ခုနှစ် တွင် သရက်ပင်စု ကျေးရွာ နေ ဥိးကျော်သောင်း၊(အိမ်ရှင်)၊ ဥိးတင့်ဆွေ(ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူး)ဦးစိုးမြင့် ၊ ဦးချစ်တင် တို့ သည် အပျော်တန်း ထုံးတို့ကြေး ဟု ထွက်ဆို ထား သူများသည် ဖဲကဒ်ပြားများ ကစားကြရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဌေး နှင့် ရဲတပ်ဖွဲ့ဝင် (၃ ) ဦးတို့မှ လာရောက်ဖမ်းဆီး အမှုစွဲ ဆို တင်ပြခဲ့ကြပါသည်။
၂၅၊၅၊၂၀၁၂ ရက်နေ့တွင် ခင်ဦးမြို့နယ် မတရားရုံးမှ ၁၄ / က ဖြင့် ဦးကျော်သောင်း တဦးထဲကိုသာ အလုပ်ကြမ်းနှင့်ထောင်ဒါဏ် (၂ )နှစ် ပြစ်ဒါဏ် ချမှတ်ခဲ့ပါသည်။

 ထောင်ကျခံရသူ ဦးကျော်သောင်းဇနီးဒေါ်ပြုံး အား မြေသြဇာအဖွဲ့တာဝန်ခံ မှ မေးမြန်းနေစဉ် ။
ဖြစ်စဉ် အမှန်မှာ ကစားပစ္စည်းများ သယ်ယူလာသူမှာ ဦးတင့်ဆွေ(ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူး )ဖြစ်ပြီး အမှန်တကယ် ကစားကြသူများမှာ ဦးတင့်ဆွေ၊ဦးကျော်သောင်း၊ဦးစိုးမြင့်၊ဦးချစ်တင် တို့ဖြစ်ကြပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးရမိသည်မှာလည်း အထက်ပါသူများ အားလုံး အပါဖြစ်ပါသည်။
အထက်ပါ အတိုင်း ဖမ်းဆီးရမိသော်လည်း ဦးတင့်ဆွေ(ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူး ) ပါ ၃ ဦးမှာ ရဲတပ်ဖွဲ့စခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်အထဲ မပါသွားပဲ ဦးကျော်သောင်း တဦးထဲသာ ပါသွားခြင်း ၊
ဦးကျော်သောင်းတဦးတည်းကိုသာ ပြစ်ဒါဏ်ချမှတ်ခြင်းများ ပြုလုပ်ကြပါသည်။ ဦးကျော်သောင်းအား လောင်းကစား ပြုလုပ်ရာ အိမ်ရှင်ဟု သတ်မှတ်ပြီး ကျန်သူများအား လောင်းကစား ပြုသူများဟု သတ်မှတ်ပြီး ဘတ်မလိုက်သည့် ဥပဒေအတိုင်း ပြစ်ဒါဏ် အသီးသီးပေးရမှာဖြစ်သော်လည်း လက်ဝါးခြင်း ရိုက်ကာ တဦးတည်းကျခံစေသည့် အမှုဖြစ်စဉ်ဖြစ်ပါသည်။
ထို့ကြောင့် သက်ဆိုင်ရာ အာဏာပိုင်များ ၊ တရားသူကြီးများ နှင့်တာဝန်ရှိသူအသီးသီးမှ ကျောသား ၊ ရင်သား မခွဲခြားပဲ ထိုက်သင့်သော ပြစ်ဒါဏ်များ ချမှတ်ပေးနိုင်ပါရန် တင်ပြလိုက်ရပေသည်။

မတရား တဘက်သတ် ပြစ်ဒါဏ် ကျခံရသူ ဦးကျော်သောင်း ဇနီး ဒေါ်ပြုံး အား တဆင့်ခေါ်ဆိုလို့ရသည့် ဖုန်းနံပါတ် မှာ ( 09400460214 ) ဖြစ်ပါသည်။

မှတ်ချက် ၊ ယခု ဖြစ်စဉ်များအား မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေနှင့်လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာ အဖွဲ့မှ ကိုကျော်ကျော် တို့အား အားကိုးတကြီး လာရောက် ရှင်းပြပေးသည့် ဒေါ်ပြုံး ဧ။် ထွက်ဆိုချက် အမှန်များဖြစ်ပါသည်။



0 comments:

About This Blog

Lorem Ipsum

  © Blogger templates Design by pyae sone 2008

Back to TOP